About Me

Welcome Everyone!
This is a blog written by the Students of Best English School and their friends and of course, their Teacher U Soe Lwin.Here we write/talk about everything that good and sometimes in our opinion "The Best" here in Mandalay and other topics for those of you from abroad Mandalay is the Second Largest city in Mandalay by Looking it up in the Wikipedia.Here, we try to give you a more personalized account of Mandalay and our opinions of this place.We hope to be always up-to-date in our info and we welcome your comments too.
U Soe Lwin
A thought for Today: The Way to Happiness:
Appreciate what you have and Work hard for more. Best Mandalay

Sunday, August 10, 2008

Saturday, February 16, 2008

Best Fri.


ငါရှေ့ မလျှောက်ပါနဲ့ .........နောက် ကနေငါမလိုက်နိုင်ဘူး..
ငါနောက်က မလျှောက်ပါနဲ့......ငါ မင်းကို ဦးဆောင် မသွားချင်ဘူး.
ငါဘေး က လျှောက်ပါ ...မင်း ဟာ ငါ့ ဘ၀ တစ်ခုလုံး ရဲ့ သူငယ်ချင်းလေးပါ ကွာ...

Thursday, February 14, 2008

ငါ သည် blogger မဖြစ်နိုင် ၊ စာရေးဆရာ မဖြစ်နိုင်..


ငါ သည် စာရေးတာ ၀ါသနာပါတယ်၊ပြီးတော့ သူများ ကို ဆရာကိုလုပ်ရတာ၊ နည်းနည်းလှအောင် ပြောရရင် share ရတာ ၀ါသနာပါတယ်။ ဒါပေမယ့် ငါ စကားတွေ ဟာ အနှစ်မရှိတဲ့၊ ပညာရှိစကားတွေ မဟုတ်ဘူးဆိုတာ တစ်ခါတစ်ခါ စဉ်းစားမိတယ်ဗျာ..
ဒီလို့ ဗျာ ကျွန်တော်က စာ ကိုဖတ်ခဲ့တဲ့ အခါမှာ အဲဒီစာ ရဲ့ အကြောင်းအရာ ကိုအဓိက ထားမဖတ်ပဲ ဒီစာ ရဲ့ ရည်ရွယ်ရင်းက ဘာလဲ ဒီစာရေးတဲ့ အချိန် စာရေးဆရာ စိတ်ဓာက် ကဘာလဲ ၊ ပြီးတော့ ဒီထဲက ဇာက်ကောင်တွေ က ဘာတွေ တွေးနေတာ ဆိုတာ ကို အဓိကထား စဉ်းစားမိတယ်။..
ဥပမာပြောမယ်...ကျန်စစ်မင်းသား စောလူးမင်း သား ကိုသွားကယ် တဲ့ ခုနှစ်ကို မေး ကျွန်တော် မသိတော့ဘူး..ဒါပေမယ့် ခုထိ အမှတ်ရနေတာ တစ်ခု က စောလူးမင်း ဟာ အဲဒီအချိန်မှာ ဘာတွေ တွေးမိလို့ ကျန်စစ်မင်းသား လာကယ်တာကို အော်လိုက်ရတာ လဲလို့ မှတ်မိနေတုန်းပဲဗျာ..
ကဲ မခက်ဘူးလား ဗျာ...
ကျွန်တော် က လူတွေ ရဲ့ စိတ်ကိုပဲ စိတ်ဝင်စားတာဗျာ အဲဒီကြတော့ ဘယ်လို့ လုပ် blogger တစ်ယောက် ၊ စာရေးဆရာ တစ်ယောက်ဖြစ်နိုင်ပါတော့မလဲခင်ဗျာ...
ဒါပေမယ့် သိတဲ့ အတိုင်း ဒီစာ ရေးနေတာကိုက လုပ်ချင်တဲ့ ဆန္ဒတွေ ရှိနေသေးတာ ကို ဖော်ပြနေတာပါဗျာ..
ကဲ အဲဒီတော့ စိတ်ကူးတယ် ကျွန်တော် စာဖတ်တဲ့လူတွေကို နည်းနည်းလောက် မေတ္တာ ရပ်ခံချင်တာ ကတော့ ကျွန်တော် ရေးတာတွေဟာ ပညာရှိစကား မဟုတ်ပါဘူး ခင်ဗျာ..ပြီးတော့ ..ခုနှစ် အထောက်အထား ၊ ကျမ်းကိုး တွေလည်း တွေ့ရမှာ မဟုတ်ပါဘူး...ကျွန်တော်နေရာမှာ တွေ့ရမှာကတော့ ကျွန်တော် တွေးနေတဲ့ ဟာတွေပဲ တွေ့ရပါလိမ့်လို့ ကြိုတင်မေတ္တာ ရပ်ခံအပ်ပါသည်။..
အားလုံး ကိုလည်း အဲဒီအတွက် နည်းလမ်း မမှန်ဘူးဆိုရင်လည်း တောင်းပန်ပါရစေ...ကျွန်တော်ကကို ညံခဲ့တဲ့ အတွက်ပါခင်ဗျာ...

လေးစားစွာဖြင့်
အလင်းရောင်

Tuesday, February 12, 2008

ဒီနေ့ ဘာနေ့လဲ

ဒီနေ့ ဘာနေ့လဲ ...
မင်းတို့ မေ့ချင်မေ့နေကြမယ်...
ကျွန်တော် အတွက်ကတော့ ဒီလိုမျိုးနေ့တွေဟာ မမေ့သွားတက်ပါဘူး..
ဗိုလ်ချုပ် ဟာ ဒီလို့ မျိုး နေ့မှာ မြန်မာပြည် ရဲ့ တစ်နေရာမှာ မွေးဖွားခဲ့ပါတယ်..
ကျွန်တော် မေ့လို့ မရတဲ့ အကြောင်းကတော့ ဒီနေ့ ဟာ 13 ၇က်နေ့ ဖြစ်နေတာ ကြောင့်ပါ..
ကျွန်တော် က ဂဏန်းတွေကိုနည်းနည်း စိတ်ဝင်စားပါတယ် .. ....ပြီးတော့ 4 ၊ 8 ၊ 13 ၊ 17 တို့ စတဲ့ ဂဏန်းတွေ ကိုပိုပြီးစိတ်ဝင်စားပါတယ်ခင်ဗျာ..
ဒီဂဏန်းရှင်တွေဟာ ကိုယ်လုပ်ချင်တဲ့ တစ်ခုကိုပဲ ကြည့်ပြီးအဲဒီအတွက် ပြီးမြောက်အောင် လုပ်ဆောင် လိုတဲ့ ဆန္ဒရှိတဲ့ သူတွေပါ..ပြီးတော့ ဒီဂဏန်းရှင်တွေ ဟာ မကောင်းမှုကိုလုပ်ခဲကြပါတယ်...လုပ်ခဲ့ရင် လည်း သူတို့ ဟာ ကိုယ်ဘာသာ ကိုယ်အဆုံးအဖြတ်ပြန်ပေးလေ့ ရှိတဲ့ ဓလေ့တွေရှိပါတယ်...
ပြီးတော့ အေ၇းကြီးဆုံးကတော့ သူတို့ ရဲ့အတွက် ဆိုတဲ့ တစ်ကိုယ်ကောင်းစိတ်နဲ့ ဘယ်တော့ မှ အလုပ် မလုပ်ချင်ကြဘူး၊ ငါ ပတ်ဝန်းကျင် ၊ ငါ့ နိုင်ငံ အတွက် ဆိုတဲ့ စိတ်တွေ နဲ့ အသက်ရှင်ချင်ကြတဲ့ လူမျိုး တွေပါ...ကိုယ်အတ္တအတွက် လုပ်ရမှာကို ပဲ ရှက်တက်တဲ့ လူမျိုးတွေ ပါ...
ဒါပေမယ့် သူတို့ ရဲ့ စိတ်ရင်း အမှန် ကို အခြား လူတွေ က သဘော တော်တော်နဲ့ မပေါက်နိုင်ကြဘူး ...အားလုံးပြီးမှ သူတို့ မရှိတော့မှ သူတို့ ရဲ့ တန်ဖိုးတွေ ကို သဘော ပေါက်လေ့ ပေါ့က်ထ ရှိတဲ့ ဂဏန်းရှင် တွေ ..ပါ...
အဲဒီ ဂဏန်းမျိုးပိုင်ရှင် ဖြစ်တဲ့ ဗိုလ်ချုပ် အောင်ဆန်း ကို ကျွန်တော် ချစ်တာ မမှားပါဘူး...သူမှာ အဓိက ကတော့ ရိုးသားတဲ့ ဂုဏ်၊ ကိုယ့်ဘ၀ အောင်မြင်ဖို့ မအောင်မြင်ဖို့ ကို အဓိက မထားဘူး ငါ့နိုင်ငံ အတွက် ဘာလုပ်နိုင်မလဲ ၊ ငါ ဘာလုပ် ပေးရမလဲ ဆိုတဲ့ စိတ်နဲ့ ပဲ တစ်သက်လုံးနေသွားခဲ့တဲ့ ..ဗိုလ်ချုပ်ကို လေးစား မြတ်နိုးမိတာ မဆန်းပါဘူးဗျာ..
ပြီတော့ ဗိုလ်ချုပ် သူလုပ်ချင်တဲ့ နိုင်ငံ လွတ်လပ်ရေးရဖို့ ကို အကောင်းဆုံး လုပ်ပေးသွား ခဲ့ပါပြီ..
သူတာဝန်ကျေပွန်ခဲ့ပါပြီ...

ကျွန်တော်တို့ လည်း ကိုယ်ရတဲ့ တာဝန်တွေကို ကျေပွန်အောင်ဘယ်လို့ ထမ်းဆောင်ကြမလဲ...

ဗိုလ်ချုပ် မွေးနေ့ အမှတ်တရ...

Monday, February 11, 2008

ပြည်တောင်စုနေ့

ဤနေ့သည် မြန်မာပြည်၏ပြည်တောင်စု ဖြစ်ပါသည်။ ပြည်ထောင်စုနေ့ အကြောင်းကို ပြန်ပြောရမယ်ဆိုရင် ကျွန်တော်တို့ နိုင်ငံတော် ၏ လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသည် နိုင်ငံတော် လွတ်လပ်ရေး ရဖို့ အတွက် ပြည်ပ ကို သွားပြီး တောင်းဆိုတဲ့ အချိန်မှာ သိတဲ့ အတိုင်း မြန်မာတွေရဲ့ စိတ်ဓာက် အတိုင်း အဲဒါကို လက်မခံ နိုင်ပါဘူး ဆိုပြီး ပြည်နယ်တွေကနေ စာပို့ ကြတဲ့ အတွက် ဗိုလ်ချုပ် ဟာ မြန်မာပြည်ကို ပြန်လာပြီး...
ဒီနေ့လို့ မျိုးနေ့မှာ မြန်မာပြည်ရဲ့ တိုင်းရင်းသားပေါင်းစုံ လက်ခံပါတယ် အကြောင်း လက်မှတ် ရေးထိုးခဲ့ပါတယ်..(ပင်လုံ စာချုပ်လို့ ခေါ်ပါတယ် ...12-2-1947 )
ဒီနေ့ ကို အဲဒါကြောင့် မြန်မာပြည်ရဲ့ ပြည်ထောင်စု နေ့ လို့ ခေါ်နေကြတာပါခင်ဗျာ...
ပြည်ထောင်စု တိုင်းရင်းသား ပေါင်းစုံ ရဲ့ တစ်စိတ်တစ် ၀မ်းထဲ ဖြစ်တဲ့ နေ့ ဆိုရင်လည်း မမှားဘူးပေါ့ခင်ဗျာ...
ဒါပေမယ့် မြန်မာတွေ ရဲ့ စိတ်ဓာက် ..မြန်မာတိုင်းရင်း သားတွေရဲ့ စိတ်ဓာက်ကိုတော့ ဒီသမိုင်းကြောင်း နောက်ခံ က ပြောပြပေးနေပါတယ်...
မြန်မာပြည် ဟာ ဘာလို့ မတိုးတက်သေးတာလဲ ...
ဘာလို့ တစ်ယောက်နဲ့ တစ်ယောက် ဟိုဟာ မှားတယ် ဒီဟာ မှားတယ် ပြောနေကြတာလဲ ....
စဉ်းစား စရာတွေ ပါ...
အင်တာနက် ပေါ်လာတဲ့ အချိန်မှာ ..တစ်ဦး တစ်ယောက် တစ်နိုင်ငံတည်း စိတ်ဓာက်တွေ ဟာ သိပ် ပြီး မဖြစ်နိုင်တော့ဘူးလို့ လူသားတွေ လက်ခံနေတဲ့ အချိန်မှာ ကျွန်တော်တို့နိုင်ငံလို့မျိုးက ငါ နိုင်ငံ တစ်နိုင်ငံ၊ ငါ အတွက် ၊ ငါလူမျိုး အတွက် ဆိုတဲ့ စိတ်ဓာက်တွေ ထားဖို့ သင့်ပါသေးသလား ....
ဒါမှ မဟုတ် တစ်ကမ္ဘာလုံး က လူသား တွေ အတွက် ...လူသားတွေ အားလုံး ပူးပေါင်းပြီး ဘာတွေလုပ်လို့ ရမလဲ ဒီထက် ကောင်းတာ ဘာတွေ လုပ်လို့ ၇ပါအုန်းမလဲ ....
စဉ်းစားစရာတွေ ပါ..ခင်ဗျာ...
ပြည်တောင်စုနေ့ အမှတ်တရာ မှတ်တမ်းလေးနဲ့ စဉ်းစားမိတာပါခင်ဗျာ..

Friday, February 8, 2008

ချစ်၏

ချစ်၏

ပြောလိုက်တဲ့ စကားတွေက ...........အေးချမ်းမှုကိုဖြစ်စေတယ်
ပြုံးလိုက်တဲ့ အပြုံးတွေက..........ဘ၀တစ်ခုလုံးကိုအေးစေတယ်
ကြည့်လိုက်တဲ့ တစ်ချက်က ........ဘ၀တစ်ခုလုံးကို ပြည့်စုံသွားစေတယ်
ကြားရတဲ့ အသံချိုလေးက .......ဘ၀တစ်ခုလုံး အမောတွေကိုပြေစေတယ်.
အိပ်မက်တွေဟာ..............အရင်ထက်လှလာတယ်
မျှော်လင့်ချက်တွေဟာ...........တောင်ပလာစေတယ်..
အထီးကျန်မှုဟာ ...............ငါနဲ့ ဘာမှ မဆိုင်သလို ခံစားမိတယ်
ဘ၀ကို အရင်ထက် ...........ကျေနပ်လာနိုင်တယ်
တစ်သက်လုံး အတူတူနေသွားတော့မယ် ဆိုတဲ့ ဆန္ဒတွေ ပေါ်လာတယ်..


ဒီခံစားမှုတွေကို ခံစားစေနိုင်တဲ့ ....မင်းကိုချစ်တယ်

Wednesday, February 6, 2008

မိန်းမတွေကို ကြောက်၏

မိန်းမတွေကို ကြောက် ၏

ငရဲရောက်မှာ .......ကြောက်၏..
သူတပါးအပေါ် မနာလို စိတ်ဖြစ်ပေါ်မှာ ....ကြောက်၏
မကောင်းတဲ့စိတ်တွေ ပေါ်လာမှာ...........ကြောက်၏
တစ်ယောက်တည်း အထီးကျန်ဖြစ်မှာ ....ကြောက်၏
ကိုယ်ကို မချစ်တဲ့ မိန်းမတစ်ယောက်နဲ့လက်ထပ် ဖြစ်မှာ....ကြောက်၏
အကုသိုလ်တ၇ား ပွားများ ရမှာ .......ကြောက်၏
အိမ်မက်တွေ ဟာ မဖြူစင်တော့မှာ.......ကြောက်၏
ကိုယ်ကိုကိုယ် ယုံကြည်ချက်ပြတ်သုန်းသွားမှာ .....ကြောက်၏
မျှော်လင့်ချက်တွေ ...ပြတ်သုန်းသွားမှာ .....ကြောက်၏
လူအများက ၀ိုင်းဟား မှာကို ......ကြောက်၏
ကြောက်စိတ်တွေ အရမ်းများမှာ ....ကြောက်၏.

ဒါတွေဖြစ်လာအောင် လုပ်နိုင်တဲ့ ...
မိန်းမတွေ ကို ကြောက်၏


Monday, February 4, 2008

အောင်မြင်သူနဲ့ ရှုံးနှိမ်သူ

  • အောင်မြင်သူဟာ စကားကို အလုပ်နဲ့ သက်သေပြတယ်။
  • ရှုံးနှိမ့်သူက သူရှုံးနှိမ့်မှုကို ဆင်ခြေဆင်လက်နဲ့ ကာကွယ်တယ်။

  • အောင်မြင်သူဟာ ဘ၀ကို တာဝန်ယူပြီးတည်ဆောက်တယ်။
  • ရှုံးနှိမ့်သူက မတည်နိုင်တဲ့ ကတိတွေကိုပဲ ပေးနေတက်တယ်။

  • အောင်မြင်သူက အပြစ်ပေးခံရမှာ မကြောက်ဘဲ စွန့်စားပြီးဆုကို ရအောင်ယူတယ်။
  • ရှုံးနှိမ့်သူက မတရားနည်းလမ်းတွေနဲ့ ပရိယာယ်တွေ သုံးပြီး ဆုနောက်ကို အရှက်နည်းစွာနဲ့ လိုက်တက်တယ်။
  • အောင်နိုင်သူဟာ လုပ်ဖော်ကိုင်ဘက်တွေ အတွက် ကူညီဆောင်ရွက်ပြီး မြင့်မားတဲ့အဆင့်အတန်းကို ရယူတယ်။
  • ရှုံးနှိမ့်သူဟာ အဆင့်အတန်းကို ကိုးကွယ်ပြီး နောက်ဆုံး အရှက်တကွဲ အကျိုးနည်းဖြစ်၇တယ်။

  • အောင်နိုင်သူဟာ အမှားတစ်စုံတစ်ရာ လုပ်မိရင် အမှားကို ၀န်ခံတယ်။
  • ရှုံးနှိမ့်သူ ဟာ ညည်းတွား ရင်း သူများကို အပြစ်လိုက်တင်တယ်။

  • အောင်နိုင်သူရဲ့ နှုတ်မှာ အမှန်တရားတွေ ပြည့်နေပေမယ့်
  • ရှုံးနှိမ့်သူရဲ့ နှုတ်ဖျားမှာ တော့ဆင်ခြေဆင်လက်တွေ ပြည့်နေတယ်။

  • အောင်နိုင်သူဟာ ဟုတ်တယ် မဟုတ်ဘူးလိုဘဲ ပြောတယ်။
  • ရှုံးနှိမ့်သူ က ဖြစ်ချင်ဖြစ်မယ် လိုပဲ ပြောတက်တယ်။

  • အောင်နိုင်သူဟာ ကလေးတစ်ဦးကို တောင်းပန်ဖို့ ၀န်မလေးဘူး။
  • ရှုံးနှိမ့်သူ ကတော့ လူကြီးသူမကို အရိုအသေ ပေးဖို့ ခက်နေတက်တယ်။

  • အောင်နိုင်သူဟာ ကျတယ်၊ ပြန်ထတယ်၊ ရှေ့ ကို မျက်နှာမူတယ်။
  • ရှုံးနှိမ့်သူက နောက်ပြန်လှည့်တော့တာဘဲ။

  • အောင်နိုင်သူအတွက် တစ်နေ့မှာ 25 နာရီရှိတယ်။
  • ရှုံးနှိမ့်သူ အတွက် 23 နာရီ ပဲရှိတယ်။

  • အောင်နိုင်သူ ဟာအလုပ်ကို ကြိုးစားလုပ်တယ် ပြီးမှ အနားယူတယ်။
  • ရှုးံနှိမ့်သူဟာ အလုပ်ကို အလျင်စလို လုပ်တယ်၊ ပြီးတော့ အချိန်တွေကို ဖြုန်းပစ်တယ်။

  • အောင်နိုင်သူဟာ အချိန်စီးနင်း မောင်းနှင်သူဖြစ်တယ်။
  • ရှုံးနှိမ့်သူ ဟာ အချိန်ရဲ့ မောင်းနှင်ခြင်းကို ခံရသူဖြစ်တယ်။

  • အောင်နိုင်သူ ဟာ အရှုံးအတွက် စိုးရိမ်စိတ်မရှိဘူး။
  • ဒါပေမယ့် ရှုံးနှိမ့်သူက အောင်ပွဲကို မယုံရဲသူဖြစ်တယ်။

  • အောင်နိုင်သူဟာ အောင်ပွဲရဖို့ အတွက် အလုပ်လုပ်တယ်။
  • ရှုံးနှိမ့်သူ က အလုပ်မလုပ်ဘဲ အောင်ပွဲ ရချင်တယ်။

  • အောင် နိုင်သူဟာ တိမ်တွေကို ကျော်ပြီး နေကိုမြင်တယ်။
  • ရှုံးနှိမ့်သူ ဟာ တိမ်တွေ ထဲက မိုးသားတွေ ကိုပဲမြင်တယ်။

  • အောင်နိုင်သူဟာ လဲကျပြီး ပြန်ထရတဲ့ အရသာ ကို နှစ်ချိုက်တယ်။
  • ရှုံးနှိမ့်သူကလဲ ကျရခြင်းအတွက် ကံဆိုးလေဆွလို့ ညည်းညူတက်တယ်။

  • အောင်နိုင်သူ ဟာ နှင်းခဲတွေပေါ်မှာ လမ်းလျှောက်တယ်။
  • ရှုံးနှိမ့်သူက တော့ နှင်းခဲတွေ အ၇ည်ပျော်အောင် စောင့်နေတယ်။

  • အောင်နိုင်သူ ဟာ စင်မြင့်ပေါ် ရောက်နေတဲ့ အခါ ..
  • ရှုံးနှိမ့်သူဟာ ပရိသာတ်ထဲမှာ ထိုင်စရာနေရာ ရှာဆဲဖြစ်တယ်။

  • အောင်နိုင်သူ ဟာ မိမိအမှား ကို ပြင်ဆင်ဖို့ သိမ်းထားတယ်။
  • ရှုံးနှိမ့်သူ ဟာ အောင်မြင်မှုကို အမှိုက်ပုံးထဲ လွှင်ပစ်တက်တယ်။

  • အောင်နိုင်သူ ဟာ လေလာတဲ့အချိန်မှာ ရွက်တင်တယ်။
  • ရှုံးနှိမ့်သူဟာ လေလာမှ ရွက်ချတက်တယ်။

  • အောင်နိုင်သူ ဟာ ငွေကြေးရဲ့ အရှင်သခင်ဖြစ်ပြီး
  • ရှုံးနှိမ့်သူဟာ ပိုက်ဆံရဲ့ ကျွန်ဖြစ်တယ်။

  • အောင်နိုင်သူဟာ စိတ်ကူးတွေကို အကောင်အထည်ဖော်ဖို့ သိမ်းထားတယ်။
  • ရှုံးနှိမ့်သူဟာ စိတ်ကူးယဉ်ပြီး လောဘတက်နေတက်တယ်။

  • အောင်နိုင်သူ က နောက်တစ်ကြိမ် ကြိုးစားကြစို့လို့ ဆိုတယ်။
  • ရှုံးနှိမ့်သူ က ထူးတော့မှာ မဟုတ်ပါဘူးလို့ ဆိုတယ်။

  • အောင်နိုင်သူ ဟာ အပြစ်ရှိပေမယ့် အပြစ်ကို ရဲရဲ ၀ံ့ဝံ ရင်ဆိုင်တယ်။
  • ရှုံးနှိမ့်သူ ဟာ အပြစ်မရှိတဲ့ တိုင် သူရဲဘောကြောင်နေတယ်။

  • အောင်နိုင်သူဟာ ချွေးထွက်ရခြင်းအတွက် ယုံကြည့်မှုရှိ သလောက်
  • ရှုံးနှိမ့်သူ ဟာ ကံကောင်းမယ့် အချိန် ကို စောင့်နေတယ်။

  • အောင်နိုင်သူ ဟာ အာရုံကို နိုးထစေပြီး
  • ရှုံးနှိမ့်သူ ဟာ အာရုံလာပြီးမှ နိုးလာတယ်။

  • အောင်နိုင်သူဟာ ရှေ့ကို သွား၇င်းတွက် ချက်တယ်။
  • ရှုံးနှိမ့်သူဟာ ဘာမှ မလုပ်ခင် တွက်ချက်နေတယ်။

  • အောင်နိုင်သူဟာ သူများ ပြောစကားကို နားထောင်တယ်။
  • ရှုံးနှိမ့်သူ ဟာ သူပြောရမယ့် အလှည့်ကို စောင်နေတယ်။

  • အောင်နိုင်သူဟာ သိမ်မွေ့ပြီး ရိုးသားတယ်။
  • ရှုံးနှိမ့်သူဟာ တစ်ကိုယ်ကောင်းဆန်ပြီး လှည့်စားတက်တယ်။

  • အောင်နိုင်သူဟာ လမ်းများစွာကို ထွင်ပြီး စဉ်းစားတယ်
  • ရှုံးနှိမ့်သူဟာ တစ်လမ်းတည်းသွားတယ်။

  • အောင်နိုင်သူ ဟာ မိမိထက်သာသူထံမှ သင်ယူဖို့ စဉ်းစားတယ်။
  • ရှုံးနှိမ့်သူ ကတော့ ၀န်တိုမှုတွေနဲ့ ပြည့်နေတယ်။ သူထက်သာတဲ့သူရဲ့ ကိုယ်ကျပ် အကျီထဲက လစ်လာမယ့် အပေါက်ကလေး ကနေ ဓားနဲ့ ထိုးဖို့ ချောင်းနေတယ်။
  • အောင်နိုင်သူဟာ ကိုယ်ထက် နှိမ့်ကျတဲ့ သူနဲ့ တွေ့တဲ့ အခါ မှာ ၀မ်းမြောက်ဝမ်းသာ နဲ့ပေါင်းသင်းတယ်။
  • ရှုံးနှိမ့်သူ ဟာ မိမိထက် နှိမ့်ကျသူကို အနိုင်ကျင်စေခိုင်းတက်တယ်။

  • အောင်နိုင်သူဟာ အကောင်းဆုံး ဆောင်ရွက်ဖို့ အတွက် အလုပ်ကို လုပ်တယ်။
  • ရှုံးနှိမ့်သူဟာ ပထမဆုကို ရဖို့အတွက် အလုပ်လုပ်တယ်။

  • အောင်နိုင်သူဟာ နောက်ဆုံးမှပန်းဝင်ခဲ့ရင်တောင် တစ်စုံတစ်ရာပြီးမြောက်မှုကို ခံးစား၇တယ်။
  • ရှုံးနှိမ့်သူ ဟာ ပထမဆုံး ပန်းဝင်မှ သူအတွက် အဓိပ္ပါယ်ရှိတယ်။

  • အောင်နိုင်သူဟာ ပြေးနေရင် ပျော်နေသလောက်
  • ရှုံးနှိမ့်သူ ဟာ ပျော်မယ် မပျော်ဘူးဆိုတာပြေးပြီးမှ သိတယ်။

ဂျူးလူမျိုး တို့ ၏ ကျမ်းစာ

Sunday, February 3, 2008

ကောင်မလေး..သို့

ကောင်မလေး....သို့
(1)
လိပ်ပြာမသန့်စိတ်....ထက်ဝတ်နဲ့
ပုံသဏ္ဌန်ပျက်...ခွက်တွေထဲမှာ
လိုက်လျောစွာကျနိုင်ရေး အတွက်...
အတင်းအဓမ္မ...အရည်ပျော်ပြရလွန်းလို့...
ပွန်းပဲ့ကုန်တဲ့...သိက္ခာတရားတွေအတွက်..
အရှက်တရားဆိုတာ...
ငါမှာ ...မရှိတော့ဘူးထင်ပါရဲ့....
(၂)
ကောင်မလေး......ရေ..
လျှာပေါ်မြက်..မပေါက်ရေး သီအိုရမ်တွေနဲ့...
လေဟာနယ်မဲ့..အစာအိမ်ကို ဖြည့်တင်းရင်း..
ချဉ်ခြင်းတပ်ခဲ့..မိတဲ့ အနာဂတ်တွေအတွက်..
အရက်ခွက်တွေကို... အဖော်ပြုရင်း...
နီကိုတင်းငွေ့တွေရဲ့...ကြားမှာ..
ငါဟာ...ဟာနေသားကျနေခဲ့...ပါပြီ....။
(3)
ရာသီတွေရဲ့..စီးမျောမှုနောက်မှာ..
နှုတ်ခမ်း..အထက်အောက်ဆီက..အမွေးတွေတောင်..
မြေဖြူရောင်..ဖွာလန်ကျဲ...
အနာဂတ်ထဲမှာလို့...
မကြာမကြာ..ကြွေးကြော်မိပေမဲ့
နုပျိုခြင်းနဲ့ သူငယ်ပြန်ခြင်းတွေ..
ရောထွေးနေတဲ့...ဒီလောက..မှာ
ငါဟာ... ရေမျော ကြယ်တစ်ပွင့်...ဖြစ်ခဲ့ပေါ့....

(4)
လမ်းလျှောက်တက်စတုန်းကတော့
ဒူးခေါင်းက...အမာရွက်တစ်ခု..
လွတ်မြောက်မှု..ဆုတံဆိပ်တဲ့...
(အဖေပြော..ခဲ့တာလေ...)
အရိပ်မဲ့နေ့တွေကို...ဖြတ်သန်းရင်း...
ရင်တွင်းက...အမာရွက်...
အတွေးခေါ်တွေထဲက....အမာရွက်...
.................................အမာရွက်...
...................................အမာရွက်...
ဘာအတွက်ဆုတံဆိပ်တွေလဲ...
မဝေခွဲတတ်တာလဲ...ကြာခဲ့ပေါ့...
ကောင်မလေးရေ.....။
(5)
သဏ္ဌာန်တူပေမဲ့
ထပ်တူမကျတဲ့...အနေအထားဟာ..
ကိုယ်တို့ရဲ့...နှလုံးသားတွေပါကွယ်...
ရှည်လျားတဲ့...ဘ၀အနားစောင်းတွေကို..
ဖြတ်ပစ်ဖို့....အင်အားမရှိသမျှ..
မစ္ဆိယစိတ်တွေသာ....
ကိန်းအောင်းလာတတ်တာလဲ...
ကာလမနဲ့တော့ဘူး...ထင်ပါရဲ့....
(၆)
``ပ´´စောက်ပြောင်းပြန်
မူမမှန်...အပြုံးတွေကြား...
နှလုံးသား...အပိုတစ်ခု...
လိုရမယ်ရ...ထုဆစ်ထားပေမဲ့..
အစစ်ကိုမှ..သုံးတတ်တဲ့..ဗီဇက..
ရောင့်ရဲနေရမဲ့ ..အခြေအနေမှာတောင်..
မျှော်လင့်နေဆဲပဲ...ကောင်မလေး..ရေ...။
(၇).
ကားချပ်နဲ့ဆုံချက်..
စိတ်ပျက်ဖွယ်...သဘောထားကွဲလွဲကြ..
ဘ၀ဆိုတာ..
ဒီလိုပါဘဲ..ကောင်မလေးရယ်...
လင်းလက်မှုမဲ့ ဘ၀ထဲ..
ချော်လဲ..ရောထိုင်ရင်း..
စိတ်ပျက်ခြင်းနဲ့..အဖော်ပြု..
ဘ၀တစ်ခုကို ကျေနပ်လိုက်..တော့မယ်..
ကိုယ်ကို ခွင့်လွှတ်ပါ..လို့ မပြောလိုက်တော့..ဘူး....