About Me

Welcome Everyone!
This is a blog written by the Students of Best English School and their friends and of course, their Teacher U Soe Lwin.Here we write/talk about everything that good and sometimes in our opinion "The Best" here in Mandalay and other topics for those of you from abroad Mandalay is the Second Largest city in Mandalay by Looking it up in the Wikipedia.Here, we try to give you a more personalized account of Mandalay and our opinions of this place.We hope to be always up-to-date in our info and we welcome your comments too.
U Soe Lwin
A thought for Today: The Way to Happiness:
Appreciate what you have and Work hard for more. Best Mandalay

Thursday, January 31, 2008

အသဲနှလုံးကို ...

Saturday, January 26, 2008

အိပ်မက်ထဲက မျှော်လင့်ချက်တွေ လွတ်ထွက်မသွားပါစေနဲ့

  • လက်မြှောက်အရှုံးပေးချင်စိတ်တွေ ပေါ်လာတဲ့အခါမျိုးမှာ
မျှော်လင့်ချက်ကဆက်လက်ရှင်သန်နေဖို့ ခွန်အားတွေပေးတယ်။
ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုကို ဘယ်တော့မှ မစွန့်လွှတ်ပါနဲ့။
လုပ်နိုင်တယ်လို့ ယုံကြည်မှုရှိနေသမျှ
ကြိုးစားဖို့ အတွက် အကြောင်းရှိတယ်။
  • ကိုယ့်ပျော်ရွှင်မှုကို သူတစ်ပါးလက်ထဲထည့်မထားပါနဲ့၊
ကိုယ်လက်ထဲမှာပဲထား၊ ဒါမှ အမြဲတမ်းကိုယ်လက်လှမ်းမီနေမှာ။
  • အောင်မြင်တာ၊ ရှုံးနှိမ့်တာကို ရုပ်ဝတ္ထုကြွယ်ဝမှုတွေနဲ့ မတိုင်းတာပါနဲ့
ကိုယ်ဘယ်လို ခံစားရတယ်ဆိုတာနဲ့ သာတိုင်းတာပါ။
ကိုယ့်ဘ၀ရဲ့ ပြည့်စုံမှုကို ကိုယ့်ခံစားချက်များက သာ ပြဌာန်းတယ်။
  • ဆိုးတဲ့ အခိုက်အတန့်ကလေးတွေရဲ့ လွှမ်းမိုးသွားမှုကို မခံပါနဲ့
သည်းခံလိုက်စမ်းပါ၊ သူတို့ ကျော်လွန်သွားလိမ့်မယ်။
  • အကူအညီတောင်းဖို့ မ၀ံ့မရဲဖြစ်မနေနဲ့၊
လူတိုင်း တစ်ချိန်မဟုတ် တစ်ချိန် လိုအပ်မြဲဖြစ်တယ်။
  • -အချစ်ကို ရှောင်မပြေးနဲ့ ရင်ဆိုင်တွေ့လိုက်ပါ၊
ဘာကြောင့်ဆိုတော့ ပျော်စရာအကောင်းဆုံးဖြစ်လို့ပါ။
  • ဖြစ်ချင်တာကို ကိုယ့်ဆီရောက်လာအောင် စောင့်မနေနဲ့၊
သွားတဲ့လူကို ဘ၀က လမ်းတစ်ဝက်က ဆီးကြိုမယ်ဆိုတဲ့ အသိနဲ့
ရှိသမျှအားထုတ်ပြီး ရအောင်လိုက်ယူပါ။
  • စိတ်ကူးတွေနဲ့ အိပ်မက်တွေ မျှော်လင့်သလို့ဖြစ်မလာလို့၊
ဘ၀ပျက်ပြီ မထင်လိုက်လေနဲ့
ကိုယ့်အကြောင်း၊ ဘ၀အကြောင်း အသစ်တစ်ခုတွေ့ရလေတိုင်း
တိုးတက်မှုရခဲ့တာပဲပေါ့။
  • ကိုယ့်ကိုယ်ကိုယ် ရိုသေစိတ်ပျောက်သွားစေမယ့်
ဘယ်လို့ ကိစ္စမျိုးမှ မလုပ်မိပါစေနဲ့။
ကိုယ်ဘ၀ကိုယ် ကျေနပ်ခြင်းဟာ၊
ဘ၀ကို ကျေနပ်ဖို့ လိုအပ်ချက်ဖြစ်တယ်။
  • ရယ်မောဖို့ ဘယ်တော့မှ မေ့မနေနဲ့၊
ငိုကြွေးဖို့လည်း ရှက်မနေနဲ့၊
ဒီနှစ်ခုကိုလုပ်နေခြင်းကြောင့် ဘ၀ဟာ ကျေနပ်စရာ အကောင်းဆုံးဖြစ်နေရတာပါ။

နန်စီဆင်းမ်

Friday, January 25, 2008

အမှာစာ (၂)

. .စိတ်ပညာရပ် သည် မည်မျှပင် ကျယ်ဝန်း နက်နဲ စေကာမူ တကယ်တမ်း ထိရောက်စွာ မိမိဘ၀ သာယာ အောင်မြင်လျက် စိတ်ပျော်ရွှင်နိုင်ရေး အတွက် ယင်းပညာရပ်ကို အသုံးချကြစို့ဆိုလျှင် မိမိတို့တွင် ကိုယ်စီ ကိုယ်င ရှိနေပြီးဖြစ်သော မိမိတို့ အတွင်း စိတ်တန်ခိုး(Power of Subconscious Mind) ကို စနစ်တကျ အသုံးချတက်၇န်သာ လိုပါသည်။ စစ်စစ် မိမိတို့ အတွင်းစိတ်ကို နေရာတကျ ခိုင်းစေတက်သူသည် မိမိရရှိ ပိုင်ဆိုင်ရမည်ဟု ရည်မှန်းထားသည့် အရာကို အနှေးနှင့်အမြန် ဧကန်ရမည်သာတည်း။ ဤအဆိုပြုချက် မှန်ကန်သည့် အကြောင်းကို ရှေးဟောင်း သမိုင်းနှင့် ခေတ်သစ် ဖြစ်ရပ် များတွင် ထင်ထင် ရှားရှား ထပ်ကာ ထပ်ကာ တွေ့မြင်နေ၇ပေမည်။
ဤတွင် သတိကြီးစွာ ထား၇န်ရှိသည်မှာ မိမိ အတွင်းစိတ်ကို နေရာ တကျ အသုံးမချတက်ပါက၊ ဆိုလိုသည်မှာ အလွဲအလွဲ အမှားမှား အသုံးချသော အခါတွင် ဧကန်ပင် ထိုသူ ဒုက္ခ ရောက်လျက် မှောက်မှောက် မှားမှား ဖြစ်ရလိမ့်မည်ဆိုသော အချက်မှန်ကိုပင်တည်း။

စိတ်ပညာ

လူအားလုံးလောက်ပင် မိမိတို့ ဘ၀ တသက်တာ၏ အများဆုံးအချိန်ပိုင်းကို မိမိတို့ ဘ၀ အောင်မြင်လျက် စိတ်ပျော်ရွှင်နိုင်ရေးအတွက် အသုံးချနေကြသည်။ ယင်းအချိန်အတွင်း ၌ မိမိတို့ ရည်မှန်းရာ ပန်းတိုင်သို့ ရောက်နိုင်မည့် လမ်းကို ရှာကြံကြရသည်။ အချို့တို့မှာ လမ်းပေါ်တွင် လျှောက်မိလျက်သားဖြစ်နေကြသော်လည်း အချို့တို့မှာ စမ်းတ၀ါးဝါး နိုင်လှသည်။ အများစုမှာ မျက်စိလည် လမ်းမှားလျက် လမ်းမှန်ပေါ်သို့ မရောက်နိုင်ဘဲ တ၀ဲလည်လည် ဖြစ်နေကြသည်ကို တွေ့မြင်နေကြရ၏။ သို့အတွက် ထိုသူတို့အနက် စိတ်ပျက်လက်လျှော့ နေကြရသူလည်း အများအပြားပင် ရှိနေကြသည်။
ဤတွင် ထိုသူတို့အတွက် .. မိမိတို့ဘ၀ အောင်မြင်လျက် စိတ်ပျော်ရွှင်နိုင်ရေးပန်းတိုင်သို့ အရောက်ပို့ဆောင် ပေးနိုင်စွမ်းရှိသည့် လမ်းညွှန်ပညာရပ်သည် မရှိတော့ပြီလော့...ဟု မေးဖွယ်ရာရှိ၏။..
..ရှိပါသည်။ ထင်ထင်ရှားရှားပင် ရှိနေပါသည်။... ဟု ဖြေဆို၇ပါမည်။..
ယင်းပညာရပ်မှာ အခြေခံအားဖြင့် စိတ်ပညာ ရပါတည်း...

ထိုအ၇ာများ သည် အောင်ဝင်း (စိတ်ပညာ) ရဲ့ သင့်အတွင်းစိတ်၏ အလွန်ကြီးမားသောတန်ခိုး သုံးပါ စာအုပ်မှာ ကောက်နုတ်ထားပါသည်။ ...ဖတ်ကြည့်ကြပါ ...အခါအခွင့်ရှိ၇င် နောက်ထပ် ထုတ်နုတ်ပေးပါအုန်းမယ်ခင်ဗျာ

လေးစားစွာဖြင့်
အလင်းရောင်

Wednesday, January 23, 2008

ဖေဖော်ဝါရီ ဆယ့်လေး

ဖေဖော်ဝါရီ ဆယ့်လေး
အာရင်ဘက်က ပြောတယ်
နာ နာခံစားတက်မှ ခံစားမှ
ရူးရူးမူးမူးကို ဖြစ်နေမှ
ကြီးမြတ်တဲ့အနုပညာလို့
မှူးမှုံမှိုင်းဝေစေတဲ့ ဓာက်ပုံမော်ဒယ်မလေးရေ
ကြီးတောင့် ကြီးမားကျမှ အသည်းကွဲတဲ့ ရောဂါတဲ့
သန်းပေါင်းများစွာသော ချစ်တက်သူများ
ရွှေအတိချထားသောလက်များဖြင့် လက်ခုပ်တီး၍ရယ်ပါ။...